မြန်မာ
NBS2GO ဗမာဘာသာ
မည်ကဲ့သို့အဖွဲ့လိုက်ကျမ်းစာလေ့လာခြင်းအစပြုရမည်နည်း။
ထာဝရဘုရားသခင်က သင်ဖြစ်သည့်အတိုင်းရှိသည့်အတိုင်း၊ သင့်အလုပ်အကိုင်၊ နေထိုင်ရာပတ်ဝန်းကျင် နှင့် လူမှုအသိုင်းအဝိုင်း များအားဖြင့် ထာဝရအတွက်အကျိုးသတ်ရောက်မှုရှိသည်အထိ သင့်ကိုအသုံးပြုလိုသည်။ အောက်ဖော်ပြပါ အချက်(သုံး)ချက်ဖြင့် အလွယ်တကူစတင်နိုင်ပါသည်။
၁။ ဆုတောင်းပါ။
… ဆုတောင်းခြင်း၊ အချင်းချင်းမိဿဟာရဖွဲ့ခြင်းများဖြင့်စတင်သည်။
ဆုတောင်းရန်။
- အဖွဲ့လိုက်ကျမ်းစာလေ့လာခြင်းအစပြုနိုင်ရန်၊ ကူညီနိုင်မည့်သူငယ်ချင်းတစ်ယောက်ရှိလာရန်အတွက် ဆုတောင်းပါ။
- ပုံမှန်အတူတကွဆုတောင်းပါ။ ထာဝရဘုရား၏အကြံအစည်တော်နှင့်လမ်းပြပုံသိနိုင်ရန်အတွက်ဆုတောင်းပါ။
- သင့်နေရာပတ်ဝန်းကျင်တဝိုက်ကို လမ်းလျှောက်ရင်းဆုတောင်းပေးပါ။ ထာဝရဘုရား၏ကောင်းကြီးနှင့် အကွယ်အကာအတွက်ဆုတောင်းပါ။
- လူများကိုနာမည်ခေါ်ဆုတောင်းပေးပါ။ သူတို့နှင့်ဆုံတွေ့နိုင်ရန်၊ ဂရုစိုက်ခွင့်၊ အစေခံခွင့်များရရှိနိုင်ရန် ဘုရားသခင်ထံ၌ဆုတောင်းပါ။ မေတ္တာပြခြင်းသည် စိတ်နှလုံးတံခါးများကိုပွင့်စေပြီး၊ မိဿဟာရဖွဲ့စေနိုင်သည်။
- ကျမ်းစာလေ့လာဆည်းပူးချင်စိတ်နှင့်ဆာငတ်မှုရှိရန် ဆုတောင်းပေးပါ။
မိဿဟာရများ
- သင့်အနီးအနားမှာရှိသောသူများ၊ လုပ်ဖော်ဆောင်ဖက်များနှင့် တွေ့ဆုံ၊ ပေါင်းဖော်ခြင်း၊ အဆွေဖွဲ့ခြင်းများအားပြုလုပ်ပါ။ ခင်မင်ရင်းနှီးစွာဆက်ဆံပါ။ ခွန်အားပေးတက်ပါ။
- မေးခွန်းများမေးခြင်း၊ ကရုတစိုက်နားထောင်ပေးခြင်းစသည်ဖြင့် စကားဖလှယ်ခြင်းများပြုလုပ်ပါ။
- ကော်ဖီ၊ လ္ဘက်ရည်အတူသောက်ခြင်း၊ ထမင်းအတူစားခြင်း၊ စသည်ဖြင့် အတူတူအချိန်သုံးပါ။
- မေတ္တာပြခွင့်၊ စွန့်ကြဲပေးကမ်းခွင့်၊ အစေခံခွင့်များကို ရှာဖွေပါ။
၂။ ဆက်စပ်ခြင်း။
… စိတ်ပါဝင်စားသူများအားရှာပါ။
ဆုံတွေ့စည်းဝေးခြင်း စီစဉ်ပါ။
- နေ့ရက်၊ အချိန်နှင့်နေရာများအား ရွေးချယ်ပါ။
- သင်လာစေချင်သောသူများ၏အမည်များအားစုဆောင်းပါ။
- ဆုတောင်းပြီးခေါ်ဖိတ်ပါ။
- အစားအသောက်ဖြင့်ဧည့်ခံလိုလျှင်၊ ဧည့်ခံပါ။
- စကားလက်ဆုံပြောရန် မေးခွန်းများပြင်ဆင်ထားပါ။ သို့မဟုတ်၊ တစ်ယောက်နှင့်တစ်ယောက်မိတ်ဖွဲ့နိုင်ရန်အတွက် တစ်ခုခုပြင်ဆင်ပါ။
ဆုံတွေ့စည်းဝေးခြင်းလမ်းညွှန်။
- ကော်ဖီ၊ လ္ဘက်ရည်၊ အစားအစာတစ်ခုခုဖြင့် ဧည့်ခံလိုလျှင်ဧည့်ခံပါ။
- နွေးထွေးစွာကြိုဆိုပါ။ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီး၊ တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးရန်အဆွေဖွဲ့ပါ။ လိုအပ်လျှင် မေးခွန်းများ (ဝါ) လုပ်ဆောင်ရန်တစ်ခုခုပြင်ဆင်ပါ။ ပြီးလျှင် တစ်ယောက်နှင့်တစ်ယောက်အဆွေဖွဲ့ခွင့်ပေးပါ။
- အားလုံးပြန်ခါနီးတွင် နှုတ်ဆက်ပါ။ ဥပမာ – ‘အားလုံးနဲ့အတူအချိန်သုံးခွင့်ရတာတကယ်ပဲဝမ်းသာပါတယ်။ ကျွန်တော်လိုချင်တာကတော့ အားလုံးအတူတူဆုံတွေ့ပြီး၊ တစ်ယောက်နဲ့တစ်ယောက်ဂရုတစိုက်ရှိမည့် မိသားစုလေး၊ အတူကျမ်းစာလေ့လာကြပြီးတော့ ဘယ်လိုခွန်အားရပြီး၊ တို့ထိခံရသလဲဆိုတာတွေနဲ့၊ ဘယ်လို လိုက်လျှောက်မလဲ ဆိုတာတွေကို လွတ်လွတ်လပ်လပ် ဝေငှနိုင်ကြမယ့် နေရာလေးကို ဖန်တီးပေးချင်တာဖြစ်တယ်။ ဒါကြောင့် တကယ်လို့ မိတ်ဆွေလည်းပါဝင်ချင်တယ်၊ စိတ်ပါဝင်စားတယ်ဆိုရင် ကျွန်တော့်ကိုကျေးဇူးပြု၍ ပြန်ပြောပြပေးပါ။’
၃။ ဦးဆောင်ပါ။
… အစပြုပါတော့။
- ကျမ်းစာသင်ခန်းစာအား ဒေါင်းလုပ်ဆွဲပြီး၊ ပါဝင်မည့်သူတိုင်းအတွက် (ဖရင့်)ထုတ်ဝေပေးပါ။
- အထက်ဖော်ပြပါသင်ခန်းစာပါ ‘ဖတ်စေလိုသောကျမ်းပိုဒ်များ’ အစု (၄) စုထဲမှ၊ တစ်စုကိုရွေးချယ်ပါ။
- ပါဝင်သူများအနေဖြင့် နေ့စဉ်ဖြေဆိုရမည့်မေးခွန်းများ၏ အဖြေများအား ချရေးရန် မှတ်စုစာအုပ်လိုအပ်လိမ့်မည်။

ဗမာဘာသာဖြင့် ကျမ်းစာသင်ခန်းစာမျာ
အလင်း (Burmese – Light)
အလင်း။ ပင်လယ်လိပ်၏အသက်ရှင်ရာအရပ်သည် ပင်လယ်ထဲ၌ဖြစ်သည်။ ထိုသဘာဝကျကျ ကျင်လည်ရာအရပ်မှအဝေးသို့ အခြားသောဖန်တီးခြင်းအလင်းရောင်၏ဆွဲငင်ရာနောက် လိုက်ပါသွားလျှင် ဧကန်မုချသေရန်သာရှိသည်။ ယေရှုက၊ ငါသည်ဤလောက၏အလင်းဖြစ်၏။ ရှင်သန်ခြင်းသို့ပို့ဆောင်သောအလင်း။ ယော၊ ၈း၁၂။ ရှင်သန်ခြင်း၊ လူမှုဆက်နွယ်ခြင်းများ၊ အံ့သြဘွယ်ရာနိမိတ်လက္ခဏာများ၊ နှင့် ယေရှု၏ တရားတော်များ၊ ဤအရာများကိုအဓိကထားသော သင်ခန်းစာလေးခုအားဖြင့် ဝိညာဉ်ခွန်အားများရယူလိုက်ပါ။